။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ တည်တည်ငြိမ်ငြိမ် စိတ်သန့်ရှင်းပါစေ။။ စိတ်ကြောင့် စူးငြောင့်မဖြစ်ပါစေနှင့်။။ အညစ်အကြေးမဖြစ်ပါစေနှင့်။။ မိမိကိုယ်ကို တန်ဖိုးထားပါ။။ မိမိအကျင့်မြတ်သီလကို မပျက်တန်း ထိန်းသိမ်းစောင့်ရှောက်ပါ။။ မလိုမုန်းသူတို့အပေါ် မေတ္တာမပျက် ဆက်ဆံပါ။။ မိမိရဲ့ အခက်အခဲကို စိတ်အေးအေးထားပြီး ဖြေရှင်းပါ။။ စိတ်ဆင်းရဲမှုကြောင့် အပြုအမူမမှားပါစေနှင့်။။ မက်မောမှုတစ်ခုကြောင့် ဆုံးဖြတ်ချက်မမှားပါစေနှင့်။။ ရိုသေခြင်းတရားမြဲမြံပါစေ။။ မိမိကိုယ်ကို မာန်မာနတရား မတက်ကြွပါစေနှင့်။။ သတိပေါ့လျှော့မှုလည်း မဖြစ်ပါစေနှင့်.။ တောင်ကလေးဆရာတော်(၁၀.၉.၂၀၁၆) ရက်နေ့နံနက်။